နောက်ဆုံးရသတင်းများ

A+ Wallet မှ“360 Fight Club” ကို Main Sponsor အဖြစ်ပါဝင်ပံ့ပို့ခြင်း

၂၉ ရက် ၊ ဧပြီ ၊ ၂၀၂၄ ခုနှစ်

ကမ္ဘာပေါ်ရှိ ပြင်းထန်တဲ့ကိုယ်ခံပညာများအနက် မြန်မာ့လက်ဝှေ့သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ လက်ဝှေ့သည် မြန်မာလူမျိုးတို့၏ အားကစားတစ်ခုဖြစ်သည့်အပြင် Modern Combat အားကစားများ ထက်ပိုပြီး သက်တမ်းကြာရှည်သည့် အားကစားလည်းဖြစ်ပါသည်။

လက်သီး၊ ဒူး၊ တံတောင်၊ ခြေ၊ ရင်ချင်းအပ်၊ ခေါင်းနဲ့တိုက် စသည့်နေရာများမှ ခွန်အားတွေ စုပြီး တိုက်ခိုက် ရတဲ့အတွက် “ခြေလက်ကိုးချောင်း အနုပညာ” လို့ ရည်ညွှန်းလေ့ရှိပါသည်။

A+ Wallet မှလည်း ယနေ့တွင် တစ်နှစ်ကျော်ကာလအတွင်း ပထမဦးဆုံးရုပ်သံလွှင့်သည့် “360 Fight Club” ကို ဂုဏ်ယူစွာဖြင့် Main Sponsor ပါဝင်ခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့်လည်း မြန်မာနိုင်ငံရှိပရိသတ်များထံသို့ လက်ဝှေ့အားကစားကို ပြန်လည်ယူဆောင်လာရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ဒါကြောင့် မြန်မာ့လက်ဝှေ့သမိုင်းကြောင်း၊ ကစားနည်းတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် လက်ဝှေ့အားကစားသမားများ မွေးထုတ်လေ့ကျင့်နေပုံတွေကိုကြည့်ရှုဖို့ ကျွန်ုပ်တို့ရဲ့ Documentary အစီအစဉ်ကိုလည်း စောင့်ကြည့်ကြစေလိုပါသည်။

ယခုပွဲ၏ ပွဲစီစဉ်ကျင်းပသူဖြစ်သော 360 Sports ကိုလည်း မြန်မာ့လက်ဝှေ့ကိုရှင်သန်နေအောင် ထိန်းသိမ်းပေးသည့်အတွက် ဂုဏ်ယူကြောင်းပြောကြားလိုပါသည်။

Lethwei matches – https://fb.watch/dj7vGh1eb-/