၂၀.၅.၂၀၂၂ ခုနှစ် သောကြာနေ့ တွင် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲထွန်းဦးနှင့်တကွ A bank မိသားစုဝန်ထမ်းဦးရေ ၁၀၀မှ “A day with the kids” အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စုရှိ YGW (Yellow Generation Wave) အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်းတွင် ပျော်ရွှင်စွာဆောင်ရွက်ခဲ့ပါသည်။
ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းသည် လွန်စွာအရေးကြီးတဲ့အတွက် နိုင်ငံ့အုတ်မြစ်ဖြစ်တဲ့ ကလေးသူငယ်များရဲ့ ကျန်းမာရေး၊ ပညာရေးနှင့် ပျော်ရွှင်မှု တို့သည် ကောင်းမွန်စွာကြီးပြင်းလာဖို့ အတွက် အရေးအပါဆုံးဖြစ်ပါသည်။
မွေးကင်းစမှ အထက်တန်းအထိ ရှိသော ကလေးလူငယ် ၆၀၀ ကျော်ကို နေ့စဉ် စောင့်ရှောက်ပေးလျှက်ရှိသည့် YGW ကျောင်းအတွက် လိုအပ်သော နေ့စဉ်စားနပ် ရိက္ခာများ၊ အဝတ်အစားများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို A bank နှင့် Ayeyar Hinthar Holdings Company Limited တို့မှလှူဒါန်းနိုင်ခဲ့သည့်အပြင်ကလေးများအတွက် တနေ့တာဖျော်ဖြေရေးအစီအစဉ်ကို




